Tuesday, April 17, 2012

နာကျဉ်မှု၊ ဒုက္ခ တွေကြောင့် ပိုမိုသန်စွမ်းသူတစ်ဦးဖြစ်လာခဲ့တယ်။
မျက်ရည်များကပိုပြီးရဲရင့်သူတစ်ယောက်ဖြစ်စေခဲ့တယ်။
ဝမ်းနည်း၊ ကြေကွဲခြင်းများစွာက ပိုပြီးအမြော်အမြင်ရှိသူတစ်ဦးဖြစ်စေခဲ့တယ်။
ဒါကြောင့်ကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးတဲ့အတိတ်ကိုကျေးဇူးတင်ပါ တယ်။
လူတိုင်းဟာ၊ အတိတ်ကာလတစ်ခုမှာရပ်တန့်နေတာမဟုတ်တဲ့အတွက်၊ လူတစ်ယောက်၏အတိတ်ဖြစ်စဉ်အကောင်း၊ အဆိုးကိုဝေဖန်ပြောနေစရာအကြောင်းမရှိပါ။
ထိုသူ၏ ယနေ့အပါအဝင်လက်ရှိ လုပ်ရပ်များကသာသူဘယ်သူ၊ဘယ်လိုဆိုတာကိုပြနေပါသဖြင့်ယနေ့လူသားတစ်ဦးအဖြစ်လက်ခံခြင်းသည်ကသာအကောင်းဆုံးဖြစ်ပါသည်။

နေရောင်အောက်တွင်
စစ်ထွက်သူ၏ ဓားသည်
တိုက်ပွဲများဆီသို့ သွားနေသော်လည်း
လရောင်အောက်တွင်
စစ်ထွက်သူ၏ နှလုံးသားသည်
ချစ်သူ အိမ်တံခါးသို့ ပြန်နေသည်။

K ဇော်