Monday, June 25, 2012


အပိုတွေကိုမဆိုတတ်ဘူး…သာမန်လူတစ်ယောက်မို့လေ

"အချစ် ဆိုသည်မှာ လူ့ခံစားချက် နှင့် တွေ့ထိမှု အမျိုးမျိုးပါဝင်ပြီး အလွန် ပြင်းထန်သော စွဲလမ်းမှုကို ခေါ်သည်။ဖေါ်ပြရန် ခက်ခဲသော စိတ်ခံစားမှုများ အတွင်းမှ အချစ် ဆိုသော အခက်ခဲဆုံး စိတ်ခံစားမှုကြောင့် အချစ် ကို ဖွဲ့ဆိုသတ်မှတ်ရာတွင် အမြဲပင် ကွဲလွဲမှုများ ရှိသည်။အခြေခံအားဖြင့် အချစ်သည်မှာ အခြားသူ တစ်ယောက်ကိုဖေါ်ပြ၍ မရနိုင်လောက်အောင် အလွန်ပြင်းထန်သော ကြင်နာခြင်း ခံစားမှု တစ်မျိုးပင်ဖြစ်သည်။အချစ်ကို ပုံစံမျိုးစုံဖြင့် ပြုကျင့်ကျပြီး စိတ်၏ ဗဟို ဖြစ်သောကြောင့် လူမှုရေးတွင် အဓိက ကျပြီး အနုပညာ (creative art) တွင် အမြဲပါဝင်သည်။
အချစ်သည် အလွန်ကြိုက်သော သဘောရှိပြီးခင်တွယ်သော စိတ်ခံစားမှုအတွင်းမှ ပေါ်ပေါက်လာသည်။ သို့သော် အလွန်ခင်သော သူငယ်ချင်းနှင့်ကားမတူပေ။ ထိုအပြင် သူငယ်ချင်းအချစ်ကား သပ်သပ်ဖြစ်သည်။အချစ်သည် ရှုပ်ထွေးပြီး အချစ် ဒဿနများတွင် ဆိုရိုးဆန်ဆန် အဓိပ္ပာယ်ဖွင့်ချက်များ ရှိခဲ့လေရာ၊ ကျော်ကြားသော ၎င်းစာသားတို့မှာ ဘီဂျယ်၏ "အချစ်သည် အရာရာကို အောင်မြင်သည်" (Love conquers all), ဗီတယ်၏ "အချစ်သာလိုသည်" (All you need is love) နှင့် ဘာတရံ ရုဇ်ဆယ်၏ နှိုင်းရှင်ခြင်း မဟုတ်သော "အတိုင်းမဲ့ အချစ်" (absolute value) တို့မှာ ထင်ရှားသည်  

အချစ်ဟု ဆိုရာတွင် အကြောင်းအရာပေါ် မှုတည်၍ ကွဲပြားသော်လည်း ဆက်စပ်နေသော အဓိပ္ပာယ်များကို ရည်ညွှန်းသည်။ ယဉ်ကျေးမှု ကွာခြားမှု၊စိတ်၏ ခံစားမှုကို လိုက်၍ အချစ်၏ အဓိပ္ပာယ် ကွာခြားမှုများကြောင့် တကမ္ဘာလုံး အတွက် ကိုက်ညီမည့် အဓိပ္ပာယ် မရရှိနိုင်ပေ။
ဟု Myanmar Online Encyclopedia တွင်ဖတ်ဖူးပါသည်။

"ချစ်တယ်၊ အရမ်းချစ်တယ်၊ဘယ်ကချစ်တာလဲ၊ ဘယ်လောက်ချစ်တာလဲ၊ ဘယ်လိုချစ်တာလဲ၊"ဆိုသည့်စကားများမှာချစ်သူတို့ကြားမေးလေ့မေးထ၊ ပြောလေ့ပြောထရှိသော်လဲ
ဘယ်ကချစ်သည်၊ ဘယ်လောက်ချစ်သည်၊ ဘယ်လိုချစ်သည် ကိုတိကျစွာပြောနိုင်သူရှားမည်ထင်ပါတယ်။ ဆရာစိုင်းခမ်းလိတ်ကတော့
"သိသလို…..မသိသလိုပါပဲ"
အပိုတွေကိုမဆိုတတ်ဘူး….. သာမန်လူတစ်ယောက်မို့လေ
တကယ်ပါမေရယ်ကိုယ်ကတော့ချစ်တာတစ်ခုတည်းသိတယ် ဆိုပြီးရှင်းရှင်းကြီးတေးဖွဲ့ခဲ့ပါတယ်။
=====================================================
ချစ်တာတစ်ခုတည်းသိတယ်

ရေး - စိုင်းခမ်းလိတ်
ဆို - စိုင်း ထီးဆိုင်

ဘာကြောင့်လဲ……ဘာအတွက်လဲ…..ကိုယ်ကချစ်နေမိတာ
မေးရန်လွယ်ပေမဲ့ အဖြေခက်………သိသလို…..မသိသလိုပါပဲ

ပန်ချင်သူမရှိလဲ……..အချိန်တန်ရင်ပန်းကတော့ပွင့်နေမှာပဲ
အပိုတွေကိုမဆိုတတ်ဘူး….. သာမန်လူတစ်ယောက်မို့လေ
တကယ်ပါမေရယ်ကိုယ်ကတော့ချစ်တာတစ်ခုတည်းသိတယ်

ဘယ်လောက်လဲ……………ဘယ်အထိလဲကိုယ်ကချစ်နေခဲ့တာ
မေးရန်လွယ်ပေမဲ့ အဖြေခက်သိသလို…..မသိသလိုပါပဲ
ဘယ်လောက်လဲ……………ဘယ်အထိလဲကိုယ်ကချစ်နေခဲ့တာ
မေးရန်လွယ်ပေမဲ့ အဖြေခက်၊သိသလို…..မသိသလိုပါပဲ
ပင်လယ်ဘယ်လောက်ကြီးကြီး…အိုင်ငယ်ဘယ်လောက်သေးသေး
ရေ…..ရေခြင်းတော့အတူ
အပိုတွေကိုမဆိုတတ်ဘူး…သာမန်လူတစ်ယောက်မို့လေ
တကယ်ပါမေရယ်ကိုယ်ကတော့ချစ်တာတစ်ခုတည်းသိတယ်

ဘယ်ကစလဲ…..ဘယ်မှာဆုံးမလဲကိုယ်ကချစ်နေရတာ……..
မေးရန်လွယ်ပေမဲ့ အဖြေခက်………သိသလို…..မသိသလို
ပါပဲနေရာဟာမတည်ငြိမ်ခြင်း…အချိန်ဆိုတာမတည်မြဲခြင်းလို့ယူဆကြရင်
အပိုတွေကိုမဆိုတတ်ဘူး….. သာမန်လူတစ်ယောက်မို့လေ
တကယ်ပါမေရယ်ကိုယ်ကတော့ချစ်တာတစ်ခုတည်းသိတယ်

  စိုင်းထီးဆိုင်

နန်းခမ်းနွဲ့လိတ်

၁၉:၁၈ 

ရတနာဦး 

သီရိဆွေ 

No comments:

Post a Comment