Monday, June 25, 2012

စာရေးဖို့ စာတွေဖတ်ရအုံးမည်
ကဗျာရေးဖို့ ကဗျာတွေဖတ်ရအုံးမည်
တေးသီဖို့ သီချင်းတွေနားထောင်ရအုံးမည်
ချစ်တတ်ဖို့ အချစ်ကိုရှာရအုံးမည်
အပြစ်မမြင်ချစ်ခင်တတ်ဖို့ ဝိုင်းစုခိုင်သိန်းထံမှနည်းယူရအုံးမည်
အပျိုတော်ကကွက်ကိုစီးခြင်းထိုးဖို့ကိုယ်ခံပညာသင်ရအုံးမည်

ဘေးထိုင်ဘုပြောဆဲဆိုတတ်ဖို့ Face book တွင်သင်တန်းတက်ရအုံးမည်
ဘာသာတရားအလေးထားဖို့ Face book မှာတရားနာရအုံးမည်
လုပ်စရာများမြောင်၊ဤလူ့ဘောင်တွင် ရှင်သန်ဖို့ ဝမ်းစာရှာရအုံးမည်
ငါ့ဝမ်းပူစာ နေသာတော့မှ ငါလုပ်ချင်တာလုပ်လို့ရမည်
စိတ်ကူးတည့်ရာရေးမည့် ကျွန်ုပ်အား အခမ်းအနားဖြင့်ကြိုဆိုကြပါလေ။ ။

1 comment:

  1. လှိုက်လှဲစွာကြိုဆိုပါတယ်။

    ReplyDelete