Friday, June 29, 2012

စိတ်သာရှင်စော။ ဘုရားဟောပေမဲ့
အဲဒီစိတ်ကျသွားရင်
ကုန်းကောက်လို့မရတော့တဲ့အခါ
အကြွေတစ်စိရေတွင်းထဲကျသွားသလို
ကိုယ်တိုင်လည်းဆင်းမဆယ်နိုင်
ဘေးလူလည်းမဆယ်ပေးနိုင်။

တရားသဘောအများပြောကြတာတော့
ဘယ်အရာမှမတည်မြဲဘူး၊
ဖြစ်ပြီးရင်ပျက်၊ This too shall pass ဆိုစကားရှိပေမဲ့
အငိုလွယ်ပေမယ့်၊ အရှိုက်တော့ခက်တယ်

ရေနစ်တုန်းကောက်ရိုးတစ်မျှင်ဟာမျှော်လင့်ချက်
စိတ်ဓာတ်ကျနေတဲ့အချိန်မှာ
ကောက်ရိုးတစ်မျှင်မပြောနဲ့
မျက်ရိုင်းတစ်ပင်တောင်မမြင်ရ။
ကိုနေဝင်းလိုခွန်အားဖြည့်ပေးမဲ့မိငယ်လဲမရှိ။

သူ့သဘောသူဆောင်တဲ့ သ ဘာ ဝ လောကကြီးထဲမှာ
ငါသည်ကျောက်ဆောင်၊ လှိုင်းဒဏ်ခံရင်း
ရေလိုက် ငါးလိုက်နေရုံ မှတပါး အခြားမရှိပြီ မို့
ဗေဒါပျံအံကိုခဲရင်း၊ ပန်းမပန်ပဲ
ဖော်မပါတစ်ကိုတည်း၊ Go with the flow........

No comments:

Post a Comment